အဖွဲ့ချုပ်ရဲ့ ပုံရိပ်များ

၁၉၈၉ခုနှစ် အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးစဉ် မြင်ကွင်း။ အသံချဲ့စက်တပ်ထားသော ကားတစ်စီး၊ သေနတ်ကိုင်စစ်သား၊ ဒေါ်စုအနားသို့ကပ်ခွင့်မရသော ကမ်းလုံးညွတ်လူထု။

1989-1995 အကျယ်ချုပ်ကျခံနေရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်နဲ့ စစ်အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများ တွေ့ဆုံခဲ့ပါတယ်။

၁၉၉၅ခုနှစ်မှာ ပြန်လွတ်လာတဲ့ ဒေါ်စုက သူ့အိမ်ရှေ့ကိုလာရောက်နှုတ်ဆက်သူများကို နှုတ်ဆက်စကားပြောရင်း ဟောပြောပွဲတွေ လုပ်ဖြစ်ခဲ့ပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်များဖြစ်တဲ့ ဦးတင်ဦး၊ (ဦးကြည်မောင်) တို့လည်း ဟောပြောခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
.gif)
၁၉၉၈ ရဲမွန်တပ်မြို့ရောက် အဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ပါတယ်။ အထိန်းသိမ်းခံရတယ်လို့ သတင်းဌာနများက ဆိုပါတယ်။ စစ်အစိုးရကတော့ ဆွေးနွေးဖို့ ခေါ်ယူထားသူများလို့ သုံးနှုံးပါတယ်။

အမျိုးသမီးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်နိုင်ဖို့ ဒီလုပ်ငန်းအဖွဲ့ကို ဖန်တီးခဲ့တာလို့ ယူဆရပါတယ်။ အာရုံစိုက်စရာတွေများလွန်းလို့ အမျိုးသမီးအခွင့်အရေး ဆိုတဲ့ စကားလုံးကို မကြားခဲ့ရဖူးလို့ ထင်ပါတယ်။ ဒီပုံကို ၁၉၉၈ခုနှစ်မှာ ရိုက်ကူးထားတာပါ။ တပတ်ကိုတကြိမ် ဒေါ်စုနဲ့ အမျိုးသမီးအဖွဲ့ဝင်တွေရဲ့ စကားဝိုင်းကို ဌာနချုပ်ရုံးမှာ တွေ့ရပါတယ်။

၁၉၉၅-၉၆ ဒေါ်စုအိမ်ရှေ့ဟောပြောပွဲကို လာရောက်သူတွေနဲ့ ကားလမ်းပိတ်ဆို့မှုမဖြစ်အောင် လုံခြုံရေး ယူပေးတဲ့ အမျိုးသမီးအဖွဲ့ဝင်တွေ။

အင်းစိန်ထောင်ထဲက တရားရုံး။
-1.jpg)
၁၂-၂-၁၉၉၆ ဒေါ်စုအိမ်ထဲက မြင်ကွင်း။ အဲဒီကာလ စုစည်းမှုတွေကြောင့် နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းထူထောင်ဖို့ ဖြစ်လာပုံရတယ်။
၁၉၉၈ မှာ အဖွဲ့ချုပ်က တိုင်းရင်းသားအင်အားစုတွေနဲ့ ပေါင်းပြီး လွှတ်တော်ကိုယ်စားပြုကော်မတီ စီအာပီပီ ကို တည်ထောင်လိုက်တယ်။ နိုင်ငံရေးအရှိန်အဟုန် မြှင့်တက်လာတယ်။ အာဏာပိုင်တို့ဘက်က နှိပ်ကွပ်မှုလည်း ပိုပြီး မြှင့်တက်လာတယ်။
(myanmar.com).jpg)



.jpg)
.jpg)




အကျယ်ချုပ်ကျနေတဲ့ ဒေါ်စုကို သွားတွေ့ဖို့ အဖွဲ့ဝင်တွေ အခုလို လမ်းမှာ အတားဆီးခံရတယ်။




1 comment:
အနှစ် ၂၀ တောင်ပဲနော်... ဘာမှလဲ တိုးတက်မလာဘူး။ လုပ်နေတာတွေကိုက ဟုတ်မှမဟုတ်တာ။ စဉ်းစားသင့်တယ်။
Post a Comment