5.12.07

Ni Mo Hlaing's talk in August 2007

လောင်စာဆီဈေးကျဆင်းရေးလမ်းလျှောက်စဉ်က ပြောကြားချက်များ
ဒီဗွီဘီ ၊ ၂၃ ၊ သြဂုတ်

“… … ကျနော်တို့ အယောက် (၅၀) ကျော်က ရွှေဂုံတိုင် မီးပွိုင့်ထိပ်မှာ အတားခံရတယ်ဗျာ။ အတားခံရပြီးတော့ အတင်းဆွဲလွဲပြီး တင်တာတွေ ခံရတယ်ဗျာ။ အဲတော့ တယောက်နှစ်ယောက် ပထမ အဆွဲခံရပြီးတော့ အကြမ်းပတမ်းအဆွဲခံရပြီး ပါသွားတော့ တော်တော်လေး အခြေအတင် အကြမ်းပတမ်းဆွဲတယ်။ နောက်ဆုံး အယောက် (၅၀) လုံး လက်တွဲပြီးတော့ ရွှေဂုံတိုင်ထိပ် ရေတာရှည်လမ်းမ တည့်တည့်မှာပဲ ကျနော်တို့ အဲဒီအပေါ်မှာ ပလက်ဖောင်းပေါ်မှာ စုထိုင်ပစ်လိုက်တယ်။ စုထိုင်ပစ်လိုက်ပြီးတော့ သူတို့ ကျနော်တို့ အတင်း ကားပေါ်တက်ခိုင်းတယ်။ ဆယ်နာရီလောက်ရှိပြီ။ ဆယ်နာရီလောက်ကနေ အခုချိန်အထိပေါ့။ ကျနော်တို့ အဲဒီအ၀မှာစုထိုင်နေပြီးတော့ နောက်ဆုံး တယောက်ချင်း အတင်း ယောက်ျား လေးငါး ဆယ်ယောက်က ယောက်ျားတယောက်စီကို မိန်းမတယောက်စီကို အတင်းဝင်ဆွဲပြီးတော့ ကားပေါ်တယောက်ချင်း တင်သွားလိုက်တာ တစတစနဲ့ အယောက်နှစ်ဆယ်လောက် ပါသွားတယ်ခင်ဗျ။

နောက်ဆုံးကျန်တဲ့ အယောက်သုံးဆယ် အားလုံး စုထိုင်နေပြီးတော့၊ ဘာမှမရှိတော့ဘူး၊ ကျနော်တို့ ရိုက်ရင်လဲ ဒီနားမှာပဲခံမယ်။ သတ်ရင်လဲ ဒီနားမှာပဲ အသေခံမယ်။ ခင်ဗျားတို့ ပြောသလို ကျနော်တို့ မလုပ်တော့ဘူး။ ကျနော်တို့အဖွဲ့ချုပ်ရုံးကိုပဲ ဆက်သွားမယ်။ ဆက်သွားခွင့်မရရင် ကျနော်တို့ ဒီိနားမှာပဲ ထိုင်နေမယ်လို့ အားလုံးလက်တွဲပြီး ခေါင်းငုံ့ပြီး ထိုင်နေကြတော့ နောက်ဆုံး ကျနော်တို့ကို ဆဲတယ်၊ မခံချင်အောင်ပြောတယ်။ နောက်ဆုံး ယောက်ျားလေးတွေကို ဘေးနားအစွန်နားက ထိုင်တဲ့ ယောက်ျားလေးတွေကို ပုဆိုးကနေ စလှန်ပြီးဆွဲတယ်။ ပြီးတော့ လူလေးငါးယောက်က ဆယ်ယောက်လောက်က ယောက်ျားတယောက်စီကို ၀ိုင်းဆွဲတယ်။ ကျနော်တို့ မိန်းမအုပ်စုကို ချက်ချင်းမဆွဲရဲပေမဲ့ နောက်ဆုံး အတွဲလိုက်ကြီး ကျနော်တို့ ပက်လက်တွေရော၊ ဒရွတ်တိုက်တွေရော၊ အတွဲလိုက်ကြီး ဆွဲပြီး၊ နောက်ဆုံး လိုင်းကားတစီးပေါ် တင်ပေးလိုက်တယ်။ အဲဒီလိုင်းကားပေါ်မှာ နောက်ဆုံးအုပ်စု အယောက်သုံးဆယ်လောက်ပေါ့နော်၊ ပါပြီးတော့ အဖွဲချုပ်ရုံးမှာ အခုပဲ အဖွဲ့ချုပ်ရုံးကို ကျနော်တို့ရောက်ပါတယ်။ … …”

ဒီဗွီဘီ ၊ ၂၁ ၊ သြဂုတ် ၊ ၂၀၀ရ
“… … လမ်းလျှောက်တယ်ဆိုတဲ့ ကိစ္စက ဆက်လုပ်ရအုံးမှာပဲလေ။ အာဏာပိုင်က ပိတ်ချင်လည်း ပိတ်ပေါ့။ ဒါ ကျနော်တို့ လျှို့ ဝှက်ပြီး လုပ်တဲ့ကိစ္စလည်း မဟုတ်ဘူး။ တကယ်လို့များ ဆန္ဒပြပွဲတွေ ဘာတွေ ဖြစ်လာခဲ့ရင်လည်း ကျနော့်အထင် ကျနော်တို့ ၀င်ပါရအုံးမှာပဲ။ ဆန္ဒပြပွဲဆိုတာမျိုးကတော့ ကျနော်တို့ ထင်တယ်လေ၊ လူထုက ကိုယ့်အခွင့်အရေးကို တိုက်ပေးတဲ့သူတွေရှိလို့ ရေသာခိုပြီးနေလို့မရသလို ကိုယ်တိုင်လည်း ကိုယ့်အခွင့်အရေးကို ကိုယ်လုပ်ယူရမှာပဲ။ … …”

No comments: