5.12.07

International day for the elimination of violence against women

နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့  ပြောကြားချက်
ဒီဗွီဘီ
၂၅ ၊ နိုဝင်ဘာ ၊ ၂၀၀ရ


“… … ကျနော်တို့ မြန်မာနိုင်ငံမှာ အမျိုးသမီးများတင် မဟုတ်ဘူး။ အားလုံး အားလုံးဟာ အာဏာပိုင်ရဲ့  အဓမ္မအုပ်ချုပ်မှုအောက်မှာ အခွင့်အရေး ချိုးဖောက်မှုတွေကို နာရီနဲ့ အမျှ ခံစားနေကြရတာပါ။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ တိုင်းပြည်မှာ နိုင်ငံရေးသမားမှ ကျောင်းသားများမှတင် မဟုတ်ပါဘူး၊ ဘာသာအသီးသီး လူမျိုးအသီးသီးနဲ့ အလွှာအသီးသီးက စီးပွားရေးသမား ၀န်ထမ်း၊ စစ်သားတွေပါမကျန် အခွင့်အရေး ချိုးဖောက်ခံနေရတာပါ။ ဘယ်သူတွေရဲ့ ဘ၀တွေမှ အာမခံချက် မရှိပါဘူး။ ဘယ်သူတွေရဲ့  အနာဂတ်မှလည်း မလှပနိုင်ကြပါဘူး။

သဘာဝတရားကြီးက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အားနည်းတာ ရှိပါတယ်။ အဲတော့ ဒီလို ပျက်စီးယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်းတရပ်မှာ အနိုင်ကျင့်ခံရမှုနဲ့  အခွင့်အရေး အချိုးဖောက်ခံရမှုတွေဟာလည်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုခံရတတ်ပါတယ်။

ဒါကြောင့် အာဏာပိုင်တွေနဲ့  ရင်ဆိုင်အံတုနေရတဲ့ အမျိုးသမီးများရဲ့  အရေးကို လတ်တလောပိုပြီး ဂရုတစိုက်တောင်းဆိုနေကြရပေမဲ့ တကယ့်တကယ် အမျိုးသမီးတွေရဲ့  ဘ၀ ရေရှည်လုံခြုံနိုင်ဖို့ အာမခံချက် ရှိလာနိုင်ဖို့ကတော့ ကျနော်တို့ တိုင်းပြည်မှာတရားလက်လွတ် အုပ်စိုးတဲ့ အုပ်ချုပ်ရေး စနစ်ကြီးကို အပြီးတိုင် ဖြိုဖျက်နိုင်မှ ဖြစ်မှာပါ။ … …”

No comments: