5.12.07

NiMoHlaing & women rights

အဖွဲ့ချုပ်နဲ့ (၈၈) မျိုးဆက်ကျောင်းသူ အမျိုးသမီးတွေက ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီနဲ့ ကမ္ဘာ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေထံ တောင်းဆိုလိုက်ပါတယ်။ ကြေညာချက်မှာ မနီလာသိန်း၊ မတင်မိုးလွင်၊ မဖြူဖြူသင်း၊ မနီမိုလှိုင်၊ မမေသစ္စာတို့က လက်မှတ်ရေးထိုးထားပါတယ်။ ၂၃-၁၁-၂၀၀၇ နေ့စွဲနဲ့ပါ။ ကြေညာချက်နဲ့ပတ်သက်ပြီး မနီမိုလှိုင်က ဒီဗွီဘီသတင်းဌာနကိုပြောကြားထားတဲ့ထဲက ကောက်နှုတ်ပေးလိုက်ပါတယ်။

“… … ဘယ်သူမဆို နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထောင်ထဲကို ရောက်ခဲ့ကြရတယ်ဆိုတာက အခြေခံ လူ့အခွင့်အရေးကို စပြီး အချိုးဖောက်ခံရတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ တခါ ထပ်ပြီးတော့ သူတို့ စိတ်ကြိုက် ပြစ်မှုတွေ၊ ပုဒ်မတွေတပ်ပြီးတော့ ထောင်ဒဏ်ချပြီးတာတောင်မှပဲ လွတ်ရက်စေ့တဲ့အခါမှာ လွှတ်မပေးသေးဘဲနဲ့၊ ဆက်ပြီးတော့ အကြောင်းအမျိုးနဲ့ ချုပ်နှောင်ထားတာတွေ၊ အဲဒီတော့ အသက်အရွယ်ကြီးရင့်လာတဲ့ အမျိုးသမီးတွေ ဆိုလို့ရှိရင် နဂိုကတည်းက ထောင်ရဲ့ သဘောတရားအရ ဖိစီးမှုရှိတယ်၊ ထောင်ထဲမှာ နှစ်ရှည်လများ နေထိုင်ရတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရတာတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ ထောင်ထဲမှာ မဟုတ်ရင်တောင်မှပဲ ထောင်ရဲ့ ပြင်ပမှာ စီးပွားရေးအရ၊ လူမှုရေးအရ ချိုးနှိမ်ခံထားရတာတွေ ရှိတယ်။ နောက်ပြီးတော့ တခါ အာဏာာပိုင်က ကမ္ဘာကို လှည့်ပတ်ပြီးတော့ လိမ်ညာဖို့ ဂုဏ်သိက္ခာဆည်ဖို့ ထောင်ထဲထည့်ပြီး အသုံးချခံလိုက်ရတဲ့ အမျိုးသမီးလေးတွေကိုလည်း ဒီအတိုင်း ပြန်မလွှတ်ပေးလိုက်ပဲနဲ့ လမ်းမှာ နှုတ်ပိတ်လိုက်သလား၊ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးတွေ ကြုံနေရတဲ့ ဟာလေးတွေလဲ ရှိတယ်။


တိမ်းရှောင်နေရတဲ့ အမျိုးသမီးလေးတွေ အနေနဲ့ကတော့ တိမ်းရှောင်နေဆဲမှာကိုပဲ ဆက်လက်ပြီးတော့ နိုင်ငံရေးကို လုပ်ဆောင်နေကြသူတွေ ဖြစ်တဲ့အတွက် ဖမ်းမိတဲ့အခါကျရင် ဒီအမျိုးသမီးတွေရဲ့ ကံကြမ္မာဟာ နအဖ အစိုးရက ဒီလို ရက်စက်ကြမ်းတမ်းတဲ့ အပြစ်ဒဏ်မျိုးတွေကို ကြုံမယ်မှန်းမသိ၊ နောက် ဒီအမျိုးသမီးတွေကလည်း ကြာရှည် ဘယ်လောက်အထိ ပုန်းအောင်းနိုင်မှာလဲဆိုတဲ့ အခြေအနေတွေ ရှိတဲ့အခါ ကျတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ ထောင်ထဲမှာသော်လည်းကောင်း၊ အဖမ်းမခံရတဲ့ အမျိုးသမီးတွေမှာရောပဲ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။… …”

“… … ကျနော်တို့ ဘယ်လိုပဲ ခံစားနေရပါစေ၊ နောက်နောင် ကျနော်တို့လို အခြားအခြားသော ပုဂ္ဂိုလ်များ ထပ်မခံစားရအောင်ကတော့ ဒီနိုင်ငံနဲ့ အစိုးရနဲ့ ဒီ နိုင်ငံရဲ့  အုပ်ချုပ်ပုံ နည်းစနစ်ကြီး ပြောင်းသွားမှ ဖြစ်လိမ့်မယ်။ … …”

No comments: